Showing posts with label News. Show all posts
Showing posts with label News. Show all posts

Sep 2, 2008

Google ရဲ့ Browser အသစ်


Google ကတော့ လုပ်ချလိုက်ပြန်ပါပြီ Web Browser အသစ် တစ်ခုလုပ်ပြီ ဖြန့်ပါတော့မယ်။ နာမည်ကတော့ Google Chrome တဲ့။ မနက်ဖြန် မှာ Beta Version ဖြန့်မှာပါ။ အခုတော့ Windows အတွက်ဘဲ ဖြစ်ပါတယ်။ Linux နဲ့ Mac အတွက်လည်း လာပါမယ်။ ဒီ Product ကို
ကာတွန်း လေးနဲ့ မိတ်ဆက် ထားပါတယ်။ ဒီ Browser ရဲ့ အဓိက အားသားချက်တွေကတော့

  • ပိုမြန်စေပြီး stable ဖြစ်ရန်အတွက် Tab တစ်ခုချင်းစီက ကိုယ် process နဲ့ကိုယ်ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် Tab တစ်ခုမှာ error တတ်တာနဲ့ Browser တစ်ခုလုံးမပျက်သွားတော့ပါဘူး။ Error တတ်တဲ့ Tab တစ်ခုထဲပဲ ပျက်မှာပါ။
  • အခြား Browser တွေနဲ့ မတူတာက Tab တွေကိုလည်း Browser တွေရဲ့ထိပ်ဆုံးမှာ ထားထားပါတယ်။
  • JavaScript အတွက်ကိုလည်း engine အသစ်တည်ဆောက်ထားပါတယ်။
  • Malware နဲ့ Phishing စာရင်းကိုလည်း အလိုအလျှောက် update လုပ်ပြီး list မှာပါတဲ့ website တွေကို ဝင်မိရင် သတိပေးမှာပါ။
  • Homepage မှာလည်း အများဆုံးသွားတဲ့ website တွေကို ဖော်ပြထားပေးမှာပါ။

ကျနော်ကတော့ ကလိချင်လှပြီ။ မနက်ဖြန် ဖြန့်မယ်ဆိုတော့ မနက်ဖြန်ကျရင် ကလိရတော့မယ်။ :P

Aug 11, 2008

မြန်မာ Blogger တွေ အချင်းချင်းရင်းနှီးစေဖို့

မြန်မာ ဘလော့ကာ တွေကို တစ်နေရာတည်းမှာ စုစုစီစီနဲ ရင်နှီးမှု ရနိုင်အောင် ကိုညီလင်းဆက် က Ning Network ပေါ်မှာ myanmarbloggersociety.ning.com ဆိုပြီး တည်ထောင်ထားပါတယ်။ ကိုယ်တတ်တဲ့ ပညာရပ်တွေလည်း ဝေမျှရင်း ဆွေးနွေးဖို့ မြန်မာဘလော့ကာများကို myanmarbloggersociety.ning.com ကို ဖိတ်ခေါ်ချင်ပါတယ်။ ဒီ myanmarbloggersociety.ning.com ကို စတင်ပေးတဲ့ ကို ညီလင်းဆက် ကိုလည်း ကျေးဇူးတင်ပါတယ်။

http://myanmarbloggersociety.ning.com