Jun 23, 2009

Firefox: Browser in browser

အောက်က စာကြောင်းလေးကို address bar မှ ထည့်ကြည့်လိုက်ပါ။
chrome://browser/content/browser.xul

Jun 13, 2009

Tweaking Safari 4 for Myanmar Fonts

Tweak မလုပ်ခင် တခြားကြောင်းလေးအရင်ပြောချင်သေးတယ်။ Safari 4 ထွက်ပြီဆိုတော့ download လုပ်ပြီး သုံးကြည့်တယ်၊ ဒီဗာရှင်းမှာ တော်တော် မြန်လာတယ်ဗျ။ ဒီနေ့မှ V8 (http://code.google.com/p/v8) download section ကို သွားကြည့်ပြီး V8 benchmark suite ဆိုပြီးတွေ့တာနဲ့ download လုပ်ပြီး run.html ဆိုတဲ့ဖိုင်ကို ဘာမှန်းညာမှန်းမသိ Firefox နဲ့ ဖွင့်ကြည့်လိုက်တော့ ညာဘက်မှာ browser ရဲ့ javascript engine ကို benchmark လုပ်ပေးတာတွေ့တော့ ပြီးတဲ့အထိစောင့်လိုက်တော့ Score: 196 ဆိုပြီး ထွက်လာတယ်။ အဲဒါက Firefox ရဲ့ Score ပေါ့။ နောက်တော့ IE 7 နဲ့စမ်းကြည့်တော့ သူ့ Score က 38.8 တဲ့။ နှေးလိုက်တဲ့ IE။ နောက်တော့ Google Chrome ကိုဖွင့် benchmark ဖိုင်ကို run ကြည့်လိုက်တော့ Score က မိုးနဲ့မြေလိုကွာနေပါလား Score: 3044 ဆိုပဲ။ ဒါနဲ့ စက်ထဲ ရှိသမျှ browser နဲ့စမ်းမယ်ဆိုပြီး Opera 9 နဲ့ထပ်စမ်းလိုက်တော့ Score: 103 ဆိုတော့ မဆိုးပါဘူး။ ကဲနောက်ဆုံး browser Safari ကတော့ အံ့သြ စရာ 2040 တောင်ရပါတယ်။ chrome ပြီးရင် Safari ပါပဲ။ အောက်ဆုံးမှာတော့ IE 7 ပါပဲ။ ပြောရင်းများကုန်ပြီး Tweak လုပ်တဲ့ဘက်ဆက်ကြရအောင်။
Safari 4 တော်တော်မြန်လာတယ်ဆိုတော့ သုံးကြည့်တယ် ဒါပေမယ့် မြန်မာဆိုက်တွေဆို မြန်မလို မပေါ်တော့ သုံးရတာ အဆင်ပြေတာနဲ့ မသုံးဖြစ်ဘူး။ ဒီနေ့မှ ဟိုလိုက်ကြည့်ဒီလိုက်ကြည့်နဲ့ style sheet ဆိုတဲ့ နေရာမှာ css code နဲ့ ကိုယ်ကြိုက်သလို ပြင်လိုရတယ်ဆိုတာ တွေ့လိုက်တော့မှ မြန်မာဖောင့်အတွက်အဆင်ပြေသွားတယ်။

အောက်က code ကို ကြိုက်တဲ့ နာမည်နဲ့ css ဖိုင်အဖြစ်သိမ်း။

* {
font-family: zawgyi-one, myanmar3;
}


ပြီးရင် Safari မှာ Preferences -> Advanced မှာ Style sheet ဆိုတဲ့ နေရမှာ Other ကိုရွေးလိုက်ရင် ပြီးရင် ခဏ က သိမ်းထားတဲ့ ဖိုင်ကို ရွေးပေးလိုက်ပါ။ ပြီးရင်တော့ မြန်မာဆိုက်တွေ အားရပါးရ ကြည့်နိုင်ပါပြီး။

နောက် Windows သုံးကျလူတွေအတွက် Safari မှာ စာလုံးတွေ ထူနေတာကိုတွေ့ရမှာပါ။ အဲလိုထူနေတာကို မကြိုက်ဘူးဆိုရင်တော့ Preferences -> Appearance , Font smoothing ဆိုတဲ့ နေရာမှာ Windows Standard ဆိုတာကို ရွေးပေးလိုက်ရင် စာလုံးတွေ ပုံမှန်အတိုင်းဖြစ်သွားပါလိမ့်မယ်။

Feb 12, 2009

Language Bar က Zawgyi ကီးဘုတ် Icon ပြောင်းကြည့်ရအောင်


တစ်ခါတစ်လေ ဘယ်ကီးဘုတ်ရွေးထားမှန်း မမှတ်မိတော့ဘူးဆိုရင် ဒီနည်းလေးစမ်းကြည့်ပါ။

Language Bar မှာ Right Click နှိပ်ပါ။ ပြီးရင် Settings ကို ရွေးပါ။ နောက် General ထဲမှာ Zawgyi Keyboard ဆိုတဲ့ဟာကို Doubule Click နှိပ်ပါ။ Keyboard Layout Preview ဆိုပြီး Dialog တစ်ခု ပေါ်လာပါလိမ့်မယ်။ Dialog ရဲ့ ညာဘာက်အပေါ်မှာ Change Icon ဆိုတဲ့ Button လေးရှိပါ။



အဲ Button လေးကို နှိပ်ပြီး ကြိုက်တဲ့ Icon ကို ပြောင်းလို့ရပါတယ်။ ကြိုက်တဲ့ တစ်ခုရွေးပြီး Ok ကို နှိပ်ပါ။



ဒါဆိုရင်တော့ အော်ကပုံအတိုင်း zawgyi ကိုရွေးထားသလား မရွေးထားဘူးလား ဆိုတာ ကြည့်တာနဲ့သိနိုင်ပါတယ်။

Feb 8, 2009

kaspersky ရဲ့ usa.kaspersky.com ကြီး hack ခံရလို့တဲ့ဗျို့





အကောင်းဆုံး Antivirus ထဲကတစ်ခုဖြစ်တဲ့ Kaspersky ဆိုက်ကြီး SQL Inject လုပ်ခံ လိုက်ရပြီး ဟက်ခံလိုက်ရပါလို့
hackersblog.org မှာ ဖော်ပြထားပါတယ်။ ဟက်ခံလိုက်ရတဲ့ထဲမှာ Activation Key တွေလည်းပါ ပါတယ်။ အသုံးပြုသူရဲ့ နာမည်တွေကအစ ရှိသမျှဟာတွေပါသွားပါတယ်။ hackersblog.org မှာတော့ Database Table အမည်တွေပဲဖော်ပြထားပါတယ်။ Table ပေါင်း ၁၅ဝ ကျော်ပါတယ်။ တော်တော်ကြီးတဲ့ Database ကြီး ဟက်ခံလိုက်ရတာပါ။

Kaspersky သုံးနေပါတယ်ဆို ဆက်သုံးရမလား ဘာလုပ်ရမလဲတောင် မသိတော့ဘူး။

http://www.theregister.co.uk/2009/02/08/kaspersky_compromise_report/

Feb 5, 2009

Download Accelerator တွေ ဘယ်လို အလုပ်လုပ်သလဲ




အင်တာနက် လှိုင်းတွေဟာ ရေပိုက်နဲ့ အသွင်းတူ ပါတယ်။ (ကျွန်တော့် အမြင်) ဒါကြောင့် ပင်မ ရေပိုက်ကနေ သွယ်သုံးတဲ့သူ များလေ နှေးလေပါပဲ။ Download Accelerator ကတော့ ရေစုတ်စက်လို့ပါပဲ နဲနဲတော့ ကွဲပါတယ်။ ဘာတွေ ကွဲလည်းဆိုတော့ ရေစုတ်စက်က ပင်မရေပိုက်ကို သွယ်ထားတဲ့ ရေပိုက်တစ်ပိုက်တည်းကနှေး များများရအောင် စုတ်တာပါ။ Download Accelerator ကတော့ အဲလို မစုတ်နိုင်ပါဘူး။ သူက ပင်မရေပိုက်ကြီးကို ရေပိုက်အသေးလေးတွေ အများကြီးနဲ့ သွယ်လိုက်ပြီး လိုသလောက် ပမာန ရပြီဆိုမှ ပြန်စုလိုက်တာပါ။ ဥပမာ Download Accelerator က File တစ်ခုကို တစ်ချိန်တည်း နှစ်ခုခွဲပြီး ဆွဲတယ်။ နှစ်ပိုင်းလုံး ရပြီးဆိုမှ ပြန်ဆက်ပေးတယ်။ ခွဲပြီး ဆွဲတဲ့ အရေအတွက်များလေ အခြား အင်တာနက် သုံးရတာတွေ နှေးလေပါပဲ။ ဒါပေ့မယ့် ခွဲပြီး ဆွဲတဲ့ အရေအတွက်များလေ မြန်လေတော့ မဟုတ်ပါဘူး။ များများခွဲဆွဲရင် ဘာမှ ပိုမမြန်လာပါဘူး မြန်ရင်လည်း နဲနဲပါးပါး ပါပဲ။ ဘာကြောင့်လဲဆိုတော့ ပင်မ ရေပိုက်ကလာတဲ့ ရေကို (Speed) ပိုများလာအောင် မဆွဲနိုင်လိုပါ။
Download Accelerator တွေနဲ့ဆွဲလည်း ပိုမြန်မလာတဲ့ ဆိုက်တွေလဲရှိပါတယ်။ Download Accelerator သုံးရတဲ့ ဆိုက်တွေရှိသလို မရတဲ့ဆိုက်တွေလည်းရှိပါတယ်။ သုံးရတယ်ဆိုင်ရင်တော့ အဲဆိုက်က ဖိုင်ကို နှစ်ခုပိုင်ပြီး ပေးဆွဲလို့ပါပဲ။ တစ်ကယ်လို့ ဖိုင်ကို နှစ်ခုပိုင်ပြီးပေးမဆွဲရင်တော့ Download Accelerator သုံးလို့ရမှာ မဟုတ်ပါဘူး။