Jun 23, 2009

Firefox: Browser in browser

အောက်က စာကြောင်းလေးကို address bar မှ ထည့်ကြည့်လိုက်ပါ။
chrome://browser/content/browser.xul

Jun 13, 2009

Tweaking Safari 4 for Myanmar Fonts

Tweak မလုပ်ခင် တခြားကြောင်းလေးအရင်ပြောချင်သေးတယ်။ Safari 4 ထွက်ပြီဆိုတော့ download လုပ်ပြီး သုံးကြည့်တယ်၊ ဒီဗာရှင်းမှာ တော်တော် မြန်လာတယ်ဗျ။ ဒီနေ့မှ V8 (http://code.google.com/p/v8) download section ကို သွားကြည့်ပြီး V8 benchmark suite ဆိုပြီးတွေ့တာနဲ့ download လုပ်ပြီး run.html ဆိုတဲ့ဖိုင်ကို ဘာမှန်းညာမှန်းမသိ Firefox နဲ့ ဖွင့်ကြည့်လိုက်တော့ ညာဘက်မှာ browser ရဲ့ javascript engine ကို benchmark လုပ်ပေးတာတွေ့တော့ ပြီးတဲ့အထိစောင့်လိုက်တော့ Score: 196 ဆိုပြီး ထွက်လာတယ်။ အဲဒါက Firefox ရဲ့ Score ပေါ့။ နောက်တော့ IE 7 နဲ့စမ်းကြည့်တော့ သူ့ Score က 38.8 တဲ့။ နှေးလိုက်တဲ့ IE။ နောက်တော့ Google Chrome ကိုဖွင့် benchmark ဖိုင်ကို run ကြည့်လိုက်တော့ Score က မိုးနဲ့မြေလိုကွာနေပါလား Score: 3044 ဆိုပဲ။ ဒါနဲ့ စက်ထဲ ရှိသမျှ browser နဲ့စမ်းမယ်ဆိုပြီး Opera 9 နဲ့ထပ်စမ်းလိုက်တော့ Score: 103 ဆိုတော့ မဆိုးပါဘူး။ ကဲနောက်ဆုံး browser Safari ကတော့ အံ့သြ စရာ 2040 တောင်ရပါတယ်။ chrome ပြီးရင် Safari ပါပဲ။ အောက်ဆုံးမှာတော့ IE 7 ပါပဲ။ ပြောရင်းများကုန်ပြီး Tweak လုပ်တဲ့ဘက်ဆက်ကြရအောင်။
Safari 4 တော်တော်မြန်လာတယ်ဆိုတော့ သုံးကြည့်တယ် ဒါပေမယ့် မြန်မာဆိုက်တွေဆို မြန်မလို မပေါ်တော့ သုံးရတာ အဆင်ပြေတာနဲ့ မသုံးဖြစ်ဘူး။ ဒီနေ့မှ ဟိုလိုက်ကြည့်ဒီလိုက်ကြည့်နဲ့ style sheet ဆိုတဲ့ နေရာမှာ css code နဲ့ ကိုယ်ကြိုက်သလို ပြင်လိုရတယ်ဆိုတာ တွေ့လိုက်တော့မှ မြန်မာဖောင့်အတွက်အဆင်ပြေသွားတယ်။

အောက်က code ကို ကြိုက်တဲ့ နာမည်နဲ့ css ဖိုင်အဖြစ်သိမ်း။

* {
font-family: zawgyi-one, myanmar3;
}


ပြီးရင် Safari မှာ Preferences -> Advanced မှာ Style sheet ဆိုတဲ့ နေရမှာ Other ကိုရွေးလိုက်ရင် ပြီးရင် ခဏ က သိမ်းထားတဲ့ ဖိုင်ကို ရွေးပေးလိုက်ပါ။ ပြီးရင်တော့ မြန်မာဆိုက်တွေ အားရပါးရ ကြည့်နိုင်ပါပြီး။

နောက် Windows သုံးကျလူတွေအတွက် Safari မှာ စာလုံးတွေ ထူနေတာကိုတွေ့ရမှာပါ။ အဲလိုထူနေတာကို မကြိုက်ဘူးဆိုရင်တော့ Preferences -> Appearance , Font smoothing ဆိုတဲ့ နေရာမှာ Windows Standard ဆိုတာကို ရွေးပေးလိုက်ရင် စာလုံးတွေ ပုံမှန်အတိုင်းဖြစ်သွားပါလိမ့်မယ်။