Showing posts with label Download Accelerator. Show all posts
Showing posts with label Download Accelerator. Show all posts

Feb 5, 2009

Download Accelerator တွေ ဘယ်လို အလုပ်လုပ်သလဲ




အင်တာနက် လှိုင်းတွေဟာ ရေပိုက်နဲ့ အသွင်းတူ ပါတယ်။ (ကျွန်တော့် အမြင်) ဒါကြောင့် ပင်မ ရေပိုက်ကနေ သွယ်သုံးတဲ့သူ များလေ နှေးလေပါပဲ။ Download Accelerator ကတော့ ရေစုတ်စက်လို့ပါပဲ နဲနဲတော့ ကွဲပါတယ်။ ဘာတွေ ကွဲလည်းဆိုတော့ ရေစုတ်စက်က ပင်မရေပိုက်ကို သွယ်ထားတဲ့ ရေပိုက်တစ်ပိုက်တည်းကနှေး များများရအောင် စုတ်တာပါ။ Download Accelerator ကတော့ အဲလို မစုတ်နိုင်ပါဘူး။ သူက ပင်မရေပိုက်ကြီးကို ရေပိုက်အသေးလေးတွေ အများကြီးနဲ့ သွယ်လိုက်ပြီး လိုသလောက် ပမာန ရပြီဆိုမှ ပြန်စုလိုက်တာပါ။ ဥပမာ Download Accelerator က File တစ်ခုကို တစ်ချိန်တည်း နှစ်ခုခွဲပြီး ဆွဲတယ်။ နှစ်ပိုင်းလုံး ရပြီးဆိုမှ ပြန်ဆက်ပေးတယ်။ ခွဲပြီး ဆွဲတဲ့ အရေအတွက်များလေ အခြား အင်တာနက် သုံးရတာတွေ နှေးလေပါပဲ။ ဒါပေ့မယ့် ခွဲပြီး ဆွဲတဲ့ အရေအတွက်များလေ မြန်လေတော့ မဟုတ်ပါဘူး။ များများခွဲဆွဲရင် ဘာမှ ပိုမမြန်လာပါဘူး မြန်ရင်လည်း နဲနဲပါးပါး ပါပဲ။ ဘာကြောင့်လဲဆိုတော့ ပင်မ ရေပိုက်ကလာတဲ့ ရေကို (Speed) ပိုများလာအောင် မဆွဲနိုင်လိုပါ။
Download Accelerator တွေနဲ့ဆွဲလည်း ပိုမြန်မလာတဲ့ ဆိုက်တွေလဲရှိပါတယ်။ Download Accelerator သုံးရတဲ့ ဆိုက်တွေရှိသလို မရတဲ့ဆိုက်တွေလည်းရှိပါတယ်။ သုံးရတယ်ဆိုင်ရင်တော့ အဲဆိုက်က ဖိုင်ကို နှစ်ခုပိုင်ပြီး ပေးဆွဲလို့ပါပဲ။ တစ်ကယ်လို့ ဖိုင်ကို နှစ်ခုပိုင်ပြီးပေးမဆွဲရင်တော့ Download Accelerator သုံးလို့ရမှာ မဟုတ်ပါဘူး။